Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, August 13, 2009

လွမ်းရခက်ကြီး

ဘဘ

ညည

ကက ကိုစီး

မမ

လှလှ

ဘ၀ခရီး ခိုမှီး

FEC မျှော်

သက်ကြီးပူဇော်သတဲ့

မသူတော်ဇာတ်ဝင်ခန်း

လွမ်းရခက်ကြီး။

( ဓမ္မ၀ီရဂျာနယ် )





သူ့နေရာနဲ့သူ

ငါတို့အိမ်ရှေ့ဓါတ်မီးတိုင်
ဖိုးရွှေလနှင့်ပြိုင်


သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ
ဖိုးလသာသည်ပဲ

သို့ပေမဲ့လည်းမိုးညမှာ
ဓါတ်မီးတိုင်ကသာ

သူ့နေရာနဲ့ သူလေးပဲ
စွမ်းတာချည်းပဲကွဲ့။



ဒီကဗျာလေးက ငယ်ငယ်လေးကတည်းကငွေတာရီမဂ္ဂဇင်းထဲမှာ (ကဗျာဆရာနဲ့သူ့လက်ရေး ခေါင်းစဉ်နဲ့)ဖတ်ခဲ့ဖူးတာပါ သဘောကျလို့မှတ်ထားတာလေ

Wednesday, August 12, 2009

ခရုကလေး



ငယ်ငယ်တုန်းက စာကျက်ဖို့ပျင်းတိုင်းစာဖတ်ခုံရှေ့မှာကပ်ထားတဲ့ဒီကဗျာလေးက ကျွန်တော့အတွက် အကူညီတွေအများကြီးပေးခဲ့လို့ပါ.........
ခရုကလေး
ခရုကလေး လမ်းသွားဟန်
နှေးကွေး မလျှင်မြန်
မမြန်သော်လည်း မှန်မှန်လျှောက်
ပန်းတိုင်ဆီသို့ရောက်
နေ့စဉ်နေ့စဉ် သင်ခန်းစာ
ကျက်မှတ်လေ့လာကာ
မြတ်ပညာဂုဏ်ထွန်းတောက်
ဘ၀လမ်းတလျှောက်။
( ပညာတန်းဆောင်)