Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Sunday, March 22, 2015

ဗျိုင်းဖမ်းစီမံကိန်း

အသင်းအဖွဲ့တခုမှာ ဗျိုင်းဖမ်းရန်အတွက်ခေါင်းဆောင်လုပ်သူကစီမံကိန်းတစ်ခုရေးဆွဲကာအဖွဲ့ဝင်များအား
သဝေမတိမ်းလိုက်နာဆောင်ရွက်ကြရန်မှာကြားယင်းတာဝန်ပေးလေ၏။
               စီမံကိန်းမှာ-( ဗျိုင်းရှိသည့်နေရာသို့ရောက်အောင်အယင်သွားရမည် အသင့်ပါလာသောဆားကို
ဗျိုင်း၏ခေါင်းပေါ်သွားစုရမည်၊ ပြီးလျှင်မိုးရွာအောင်ထိုင်စောင့်ရမည်၊ မိုးရွာလာသောအခါ ဆားရေများဗျိုင်း၏
မျက်စိတွေထဲဝင်လာပြီး မျက်စိစပ်လာမည်၊ဗျိုင်းသည်ပတ်ဝန်းကျင်ကိုမမြင်တော့သည့်အခါမှ အနီးသို့
သွားရောက်ကာ ဖမ်းယူရမည်)ဟုပါရှိလေသည်။
အဖွဲဝင်တစ်ဦးက ကောက်ကာငင်ကာမတ်တတ်ရပ်ပြီးအဆိုတင်သွင်းသည်၊ (ဗျိုင်းနားကိုဆားစုဖို့ရောက်ကတည်းကတခါတည်းဖမ်းလာလို့မရဘူးလားဆရာ)
ခေါင်းဆောင်လုပ်သူပြန်ဖြေပုံက (မလိုချင်ဘူး စီမံကိန်းအတိုင်းဘဲလုပ်ပါ)ဟူ၏.......

Monday, August 17, 2009

အသက်နဲ့အလုပ်

သွားတွေကျိုးချိန်၊ဒေါသမာန်မာနတွေကျိုးရဲ့လား?
နားတွေလေးသလို၊မောဟစိတ်တွေလေးတုန်းလား?
ဆံပင်တွေဖြူသော်လည်း၊စိတ်တွေဖြူစင်ရဲ့လား?
အသားအရေတွေတွန့်သလို၊မကောင်းမှူကိုနောက်တွန့်ရဲ့လား?
အားအင်တွေလျော့သော်လည်း၊ရာဂစိတ်တွေလျော့ရဲ့လား?
မျက်စိတွေမှုန်ဝါးနေသလိုနိဗ္ဗာန်လမ်းကိုလျှောက်ဖို့၊မှုန်ဝါးနေတုန်းပဲလား?

မြတ်စိုး(လှိုင်)ရေးတဲ့စာစုလေးကိုဖတ်လိုက်ရတော့မှတ်ထားတာလေးတခုသွားသတိရပါတယ်
“ပထမအရွယ်မှာပညာရှာ၊ဒုတိယအရွယ်မှာစီးပွါးရှာ၊တတိယအရွယ်မှာကုသိုလ်ရှာ”ဆိုတာမှားယွင်းတဲ့အယူအဆဖြစ်ကြောင်း၊ လူ့သက် တန်းဟာအခုချိန်မှာ(၇၅)နှစ်လို့သတ်မှတ်ပီးအရွယ်တပါးကို(၂၅)နှစ်စီနဲ့ပိုင်းခြားလိုက်ကြတာ ဖြစ်ပေမဲ့ ကုသိုလ်ရှာမဲ့အချိန်ရောက်အောင်ထိ အသက်ရှင်လျှက်နေကြနိုင်မယ်လို့ ဘယ်သူမှအာမမခံနိုင်ကြပါဘူး ။ တတိယအရွယ်ရာက်ခါမှကုသိုလ်လုပ်မယ်၊တရားအားထုတ်မယ်၊ဥပုဒ်စောင့်မယ် ၊စသဖြင့်ပြောဆိုနေသံများ မကြာခဏကြားနေရပါ တယ်၊ ကဲအဲဒီလူက(၄၉)နှစ်မှာသေသွားတယ်ဆိုပါတော ၊ဘာမှဘာသာရေးမှာ မ၀င်ဆန့်ခဲ့ပဲရတောင့်ရခဲလူ့ ဘ၀တခုကဘယ်လောက်နှမြောစရာကောင်းလိုက်ပါမလဲ“လောကီလောကုတ္တရာ၊ကုန်နှစ်ဖြာ၊သာသနာဈေး မှာဝယ်ကြပါအ၀ယ်တတ်က
အမြတ်ရမှာ၊အယ်မတတ်၊ရှုံးဖတ်တွင်မည်သာ”
လင်္ကာလေးအတိုင်းလူဖြစ်လာတာသံသရာအတွက်နိဗ္ဗာန်နဲ့နီးဖို့ဈေးလာဝယ်ကြတာလို့ခံယူတတ်ကြပီး
အမြတ်ရမဲ့အလုပ်တွေဖြစ်တဲ့ဒါန၊သီလ၊ဘာနာအလုပ်တွေကိုလူ့ဘမှာနေခွင့်ရတဲ့အချိန်တိုင်းဘယ်အရွယ်ဘဲဖြစ်ဖြစ်တတ်နိုင်သလောက်ထက်နည်းနည်းအားစိုက်ပီးအမိအရလုပ်ကြပါမှ မနုဒသဘာဝေါဒုလ္လဘော ဆိုတဲ့ရခဲတဲ့လူ့ဘ၀ဟာတန်ဖိုးရှိသွားမှာဖြစ်ပါတယ်။လူနဲ့တိရိစ္ဆာန်ရဲ့ကွာဟချက်ဟာအသိညာဏ်ပါ၊ဒီတော့ အိပ်၊စား၊ကာမ ဤသုံးဝဆိုရင်တော့မိမိအနေနဲ့သာသနာဈေးနဲ့တူတဲ့လူ့ပြည်မှာလူအဖြစ်နဲ့ ဈေးလာဝယ်တာဟာအမြတ်မရတဲ့အပြင်သံသရာမှာနိဗ္ဗာန်နဲ့ဝေးသထက်ဝေးရတော့မှာပါ။ဒါကြောင့်ပြန်ပြင်လိုက်ကြရအောင်
“ပထမအရွယ်မှာ၊ကုသိုလ်ရှာ
ဒုတိယအရွယ်မှာ၊ကုသိုလ်ရှာ
တတိယအရွယ်မှာ၊ကုသိုလ်ရှာ”

Sunday, August 16, 2009

ပျော်စရာနေတတ်ရန်

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'

"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယော က်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ ဆရာရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …

ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …

'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …

ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် .