သာဂိတစ်ယောက်ရန်ကုန်သို့အလည်သွားပီးအထက်အညာသို့ပြန်ရန် သူငယ်ချင်း ကျော်အေးနဲ့နှစ်ယောက်သားရထားစီးပီးဟိုကြည့် ဒီကြည့်နဲပေါ့..)း
သိပ်မကြာပါဘူး..ရန်ကုန်ကနေ ပဲခူးဘူတာအလွန်လေးလောက်ကျတော့မနေ့ညကဘီယာတွေနင်းကန်
သောက်၊အညာသားပီပီ မြေပဲပြုတ်တွေ ၊၀က်သားတုတ်ထိုးတွေ အီဆိမ့်နေအောင်စားသောက်ထားတာ
တွေကခုလိုရထားလေးဒယိမ်းဒယိုင်ကလှုပ်၊ရေခဲရေတွေဇွတ်သောက်နေတာတွေကြောင့်ပြသနာက
ဒုန်စိုင်းပီးကျရောက်လာလေပီ..
သာဂိးးး ဟေးကောင်သူငယ်ချင်း၊ငါမရတော့ဘူး ..(း
ကျော်အေးးးးဘာတုံးဟဘာမရတာလဲ ?
သာဂိးးးဗိုက်..အိအိ..အ..ကျွတ်..ကျွတ်..ငါ့ဗိုက်ပြသနာတက်နေပီဟ..လုပ်ပါအုံး.အုအု.အု
ကျော်အေးးးး ဟာဗိုက်နာတာများကွာ..ရထားပေါ်အိမ်သာပါတာပဲသွားပေါ့..တကယ့်ကောင်ပဲ
သာဂိးးး ဟာ..အိမ်သာထိလျှောက်နိုင်ရင်..ငါပြောပါမလားကွ..အို..ကျွတ်ကျွတ်..အအအ
ကျော်အေးးးး ဟေးဟေး သူငယ်ချင်း နေအုံး..ဒီလိုလုပ်
ဆိုပီးဘေးနားကရထားပြူတင်းမှာလျှောထိုင်သလိုထိုင်ခိုင်းပီးဖြေရှင်းခိုင်းလိုက်တယ်လေ
သာဂိတယောက်တော့နေသာထိုင်သာရှိသွားလေပီ..ဒါပေမဲ့..
သူတို့ရထားတွဲရဲ့နောက်အတွဲမှာတော့ အသက်၂၀ အရွယ်ကောင်မလေးအချောလေးတစ်ယောက်က
ရထားပြူတင်းပေါက်မှာမှီပီးလေတိုးတာလေးအရသာခံကာ အိပ်ငိုက်လို့ ..
ဖျတ်ခနဲလန့်နိုးလိုက်တော့ သာဂိရဲ့ဒေါသအိုးတွေက ကောင်မလေးမျက်နှာတစိတ်တဒေသကို
နှုတ်ဆက်ပီးသား..
ကောင်မလေးကပါးနပ်တယ်လေ..ခေတ်လုံမပျိုလေးဆိုတော့..ဘယ်ရမလဲ..ချက်ချင်းသဘောပေါက်
သွားပီး..ဒေါသကဟောင်းခနဲပဲ....ပညာပေးရမဲ့အချိန်ရောက်ပီလေ..
ကောင်မလေးးးး ဒီမှာရထားတွဲစောင့်ရှင့်..ဒီမှာတွေ့လာ..ဟိုဘက်ရထားတွဲကတစ်ယောက်
ရထားမူးပီး အံချလိုက်တာ ကျွန်တော့မျက်နှာ မှာပယ်သွားပီ အဲဒါ...
ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား...ဒီကိစ္စ ရှင်ရှင်းပေးမှာလား ကျွန်တော်
ကိုယ်တိုင်သွားရှင်းရမလားပြောပါ...
ရထားတွဲစောင့်းးး စိတ်လျှော့ပါညီမရယ် ဦးရှင်းပေးပါ့မယ် ငါညီမ ဆန္ဒအတိုင်းဖြစ်စေရပါမယ်
ကဲ ငါ့ညီမဆီကို အဲဒီတယောက်ကိုခေါ်ပေးမယ် ဘယ်သူလဲဆိုတာတော့မှတ်မိတယ်မလား
ဦးကိုလိုက်ပြပေး..
ကောင်မလေးနည်းနည်းတွေဝေသွားပီးခေါင်းလေးကုတ်ပီးအနည်းငယ်စဉ်းစားပီးမှ.......
ကောင်မလေးးးးး ဒီလိုရှင့် ကျွန်တော်လည်း ဗြုန်းစားကြီးဆိုတော့ နေပါအုံး.....
မျက်လုံးတွေ၊နှာခေါင်းတွေ၊ပါးစပ်တွေတော့ မမှတ်မိလိုက်ဖူး
ပါးဖေါင်းဖေါင်းကြီးတော့တွေ့လိုက်ရတယ်
ပါးကတော့အတော့်ကိုဖေါင်းပါတယ်ရှင့်......ကိန့်..အန်...
ဘယ်သူ့ကိုမှမရည်ရွယ်ပါ..တိုက်ဆိုင်မှုရှိရင်နားလည်ပေးကြပါလို့..
( ရယ်မောခြင်းသည် အသက်ရှည်၏ )
Wednesday, September 16, 2009
Tuesday, September 8, 2009
ထိုင်းနိုင်ငံ
Monday, August 24, 2009
Thursday, August 20, 2009
Monday, August 17, 2009
အသက်နဲ့အလုပ်
သွားတွေကျိုးချိန်၊ဒေါသမာန်မာနတွေကျိုးရဲ့လား?
နားတွေလေးသလို၊မောဟစိတ်တွေလေးတုန်းလား?
ဆံပင်တွေဖြူသော်လည်း၊စိတ်တွေဖြူစင်ရဲ့လား?
အသားအရေတွေတွန့်သလို၊မကောင်းမှူကိုနောက်တွန့်ရဲ့လား?
အားအင်တွေလျော့သော်လည်း၊ရာဂစိတ်တွေလျော့ရဲ့လား?
မျက်စိတွေမှုန်ဝါးနေသလိုနိဗ္ဗာန်လမ်းကိုလျှောက်ဖို့၊မှုန်ဝါးနေတုန်းပဲလား?
မြတ်စိုး(လှိုင်)ရေးတဲ့စာစုလေးကိုဖတ်လိုက်ရတော့မှတ်ထားတာလေးတခုသွားသတိရပါတယ်
“ပထမအရွယ်မှာပညာရှာ၊ဒုတိယအရွယ်မှာစီးပွါးရှာ၊တတိယအရွယ်မှာကုသိုလ်ရှာ”ဆိုတာမှားယွင်းတဲ့အယူအဆဖြစ်ကြောင်း၊ လူ့သက် တန်းဟာအခုချိန်မှာ(၇၅)နှစ်လို့သတ်မှတ်ပီးအရွယ်တပါးကို(၂၅)နှစ်စီနဲ့ပိုင်းခြားလိုက်ကြတာ ဖြစ်ပေမဲ့ ကုသိုလ်ရှာမဲ့အချိန်ရောက်အောင်ထိ အသက်ရှင်လျှက်နေကြနိုင်မယ်လို့ ဘယ်သူမှအာမမခံနိုင်ကြပါဘူး ။ တတိယအရွယ်ရာက်ခါမှကုသိုလ်လုပ်မယ်၊တရားအားထုတ်မယ်၊ဥပုဒ်စောင့်မယ် ၊စသဖြင့်ပြောဆိုနေသံများ မကြာခဏကြားနေရပါ တယ်၊ ကဲအဲဒီလူက(၄၉)နှစ်မှာသေသွားတယ်ဆိုပါတော ၊ဘာမှဘာသာရေးမှာ မ၀င်ဆန့်ခဲ့ပဲရတောင့်ရခဲလူ့ ဘ၀တခုကဘယ်လောက်နှမြောစရာကောင်းလိုက်ပါမလဲ“လောကီလောကုတ္တရာ၊ကုန်နှစ်ဖြာ၊သာသနာဈေး မှာဝယ်ကြပါအ၀ယ်တတ်က
အမြတ်ရမှာ၊အယ်မတတ်၊ရှုံးဖတ်တွင်မည်သာ”
လင်္ကာလေးအတိုင်းလူဖြစ်လာတာသံသရာအတွက်နိဗ္ဗာန်နဲ့နီးဖို့ဈေးလာဝယ်ကြတာလို့ခံယူတတ်ကြပီး
အမြတ်ရမဲ့အလုပ်တွေဖြစ်တဲ့ဒါန၊သီလ၊ဘာနာအလုပ်တွေကိုလူ့ဘမှာနေခွင့်ရတဲ့အချိန်တိုင်းဘယ်အရွယ်ဘဲဖြစ်ဖြစ်တတ်နိုင်သလောက်ထက်နည်းနည်းအားစိုက်ပီးအမိအရလုပ်ကြပါမှ မနုဒသဘာဝေါဒုလ္လဘော ဆိုတဲ့ရခဲတဲ့လူ့ဘ၀ဟာတန်ဖိုးရှိသွားမှာဖြစ်ပါတယ်။လူနဲ့တိရိစ္ဆာန်ရဲ့ကွာဟချက်ဟာအသိညာဏ်ပါ၊ဒီတော့ အိပ်၊စား၊ကာမ ဤသုံးဝဆိုရင်တော့မိမိအနေနဲ့သာသနာဈေးနဲ့တူတဲ့လူ့ပြည်မှာလူအဖြစ်နဲ့ ဈေးလာဝယ်တာဟာအမြတ်မရတဲ့အပြင်သံသရာမှာနိဗ္ဗာန်နဲ့ဝေးသထက်ဝေးရတော့မှာပါ။ဒါကြောင့်ပြန်ပြင်လိုက်ကြရအောင်
“ပထမအရွယ်မှာ၊ကုသိုလ်ရှာ
ဒုတိယအရွယ်မှာ၊ကုသိုလ်ရှာ
တတိယအရွယ်မှာ၊ကုသိုလ်ရှာ”

Sunday, August 16, 2009
ပျော်စရာနေတတ်ရန်
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က
ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်
အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် ..
ဆရာက ဆက်ပြောတယ် ..'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။
ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်
ဘာဖြစ်မလဲ ဆိုတာပဲ ..'
"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့
"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..
"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …
'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့
ရွှတ်နောက်နောက်ကျောင်းသားတစ်ယော က်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့
လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ ဆရာရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီး
ဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …
ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ
..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'
လို့ ဆက်မေးတော့ မတိုးပါဘူးလို့ တညီတညွှတ်တည်းဖြေကြတယ် …
'ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့ အဲ့လို
နာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊ အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာ
ဘာလုပ်ရမလဲ' လို့မေးတော့ ကျောင်းသူတစ်ယောက်က 'Put the Glass Down;
ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …
ဆရာက 'သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို ခေါင်းထဲမှာ
ခဏလောက်ထည့်ထားရင် ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီး
စဉ်းစားနေတဲ့အခါ ကြာလာတော့ မင်းတို့ကို စတင်ပြီး နာကျင်မှုပေးလာမယ် ၊
ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ တစိတ်တပိုင်းပါ။
ဒါပေမဲ့ နေ့တနေ့ရဲ့ အဆုံးမှာတော့ တနေကုန်အဖြေရှာမရတဲ့
အဲ့ဒီအကြောင်းတွေကို မေ့ထားခဲ့ပါ။ နောက်တနေ့အတွက် ဒါတွေဆက်တွေးတောဖို့
အားအင်တွေလိုပါတယ် …လူသစ် စိတ်သစ်နဲ့ မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖန်ခွက်တွေကို ခဏလောက်ပြန်ချထားခဲ့ပါ ..' လို့ ဆရာက မှာလိုက်ပါတယ် .

Thursday, August 13, 2009
မိုက်ပ
အအေးလွန်ပီးသေတဲ့လူတစ်ယောက်နဲ့ ကိုယ့်ကိုကိုယ်သတ်သေတဲ့လူ ငရဲသားနှစ်ယောက်ငရဲပြည်သို့အတူတူရောက်လာကြပြီးရောက်သည့်နေ့မှာပဲတွေ့ဆုံကြရာမိတ်ဆွေဖွဲ့သည့်အနေဖြင့်စကားလက်ဆုံကျကြလေ၏
(ပထမတယောက်)----ခင်ဗျားဘာဖြစ်လို့ငရဲပြည်ကိုရောက်လာတာလဲ?
(ဒုတိယတယောက်)---ဒီလိုဗျ လူပြည်မှာတုန်းက ကျုပ်မိန်းမကိုကျုပ်အရမ်းချစ်ပါတယ် မင်္ဂလာဆောင်ပီးကတည်းကကျုပ်တို့လင်မယား မိဘတွေဆီကလက်ဖွဲ့တဲ့တိုက်ကလေးတလုံးမှာပျော်မဆုံးအောင်သစ္စာရှိရှိနေလာခဲ့ကြတာ နည်းနည်းကြာလာတော့ ပတ်ဝန်းကျင်ကလူတွေမနာလို ဖြစ်ပီး ကျုပ်အလုပ်သွားနေတဲ့အချိန် မိန်းမကနောက်တယောက်နဲ့ဖေါက်ပြန်နေတယ်ဆိုပီး ဖုန်းဆက်တိုင်ကြတယ် ကျုပ်ကဘယ်ယုံလိမ့်မလဲ အိမ်ပြန်ရောက်တဲ့အချိန်တွေ တော့အကဲခက်ကြည့်ပါတယ် အမူအရာမပျက်တဲ့အပြင် ကျုပ်အပေါ်ပိုတောင်ကြင်နာနေတာတွေ့ရတယ် လေ
ဒါနဲ့ တရက်တော့ နေ့လည်ဘက်ကျုပ်အလုပ်ကိုဖုန်းလာတာက အဲလိုပဲမိန်းမဖေါက်ပြန်နေတယ်ပေါ့ ခုအိမ်ကိုလာကြည့်ရင်တွေ့လိမ့်မယ် ဆိုတော့ကျုပ်ချက်ချင်းပဲအိမ်ကိုလာ ပီး မိန်းမကိုလာချောင်းတာပေါ့ အိမ်ခန်းတွေအကုန်မွှေနှောက်အောင်ရှာ တော့မိန်းမကကုတင်ပေါ်အိပ်မောကျနေတာကလွဲလို့ဘာမှအထောက်အထားမတွေ့ရဘူးဒါနဲ့ကျုပ်အပေါ်အရမ်းသစ္စာရှိပါသောမိန်းမကိုအထင်လွဲမိတာကြောင်.ကိုယ့်ကိုကိုယ်သတ်သေခဲ့လို့ပါဗျာ..ခင်ဗျားကော
(ပထမတစ်ယောက်)--သြော် ခင်ဗျားအိပ်ခန်းထဲကရေခဲသေတ္တာကိုအချိန်မီလေးဖွင့်ရှာခဲ့ဖို့ကောင်းပါတယ်ဗျာ ခုတော့......
လွမ်းရခက်ကြီး
ဘဘ
ညည
ကက ကိုစီး
မမ
လှလှ
ဘ၀ခရီး ခိုမှီး
FEC မျှော်
သက်ကြီးပူဇော်သတဲ့
မသူတော်ဇာတ်ဝင်ခန်းလွမ်းရခက်ကြီး။
( ဓမ္မ၀ီရဂျာနယ် )
သူ့နေရာနဲ့သူ
ငါတို့အိမ်ရှေ့ဓါတ်မီးတိုင်
ဖိုးရွှေလနှင့်ပြိုင်
သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ
ဖိုးလသာသည်ပဲ
သို့ပေမဲ့လည်းမိုးညမှာ
ဓါတ်မီးတိုင်ကသာ
သူ့နေရာနဲ့ သူလေးပဲ
စွမ်းတာချည်းပဲကွဲ့။
ဒီကဗျာလေးက ငယ်ငယ်လေးကတည်းကငွေတာရီမဂ္ဂဇင်းထဲမှာ (ကဗျာဆရာနဲ့သူ့လက်ရေး ခေါင်းစဉ်နဲ့)ဖတ်ခဲ့ဖူးတာပါ သဘောကျလို့မှတ်ထားတာလေ

လွဲနိုင်ပေ့လူ
သူမေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကိုဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီးသူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူကမေးပါတယ်။
သူနာပြုဆရာမလေးက ပြုံးပြီး …“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”
“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”
“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”
“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲကလွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။
သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက်ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီးမျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ့မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းကပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို့ပါတဲ့လေ။
“ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”
“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”
လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်းသူ’မကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ခဏခဏ မှားပြီး အပြစ်ပေးတာကို ခံခဲ့ရတယ်။တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာကစာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။
“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကိုဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”
“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”
“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”
မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ့ မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။
“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”
“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကိုတကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲအမြဲတမ်းသွားနေတော့တာပေါ့။”
လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …
“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”
ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်ကဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။
“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူးဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”
ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာတမဟုတ်ချင်း ငြှိုးကျသွားပါတယ်။
“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”
“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”
သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …
“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”

sorry နော်! ဖုန်းမှားသွားလို့
ဖုံးသံမြည်လာတယ်> "ဟယ်လို...မိန်းမလား"> "ရှင်.........."> "မိန်းမလား.........လို့....."> "မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ"> "သြော်...အေးအေး...မင်းမမလေးကော....ရှိလား"> "ဟုတ်..."> "ခေါ်ပေးကွာအရေးကြီးလို့"> "..ရှင်...မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"> "ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."> "အင်းလေ..ဟုတ်ဘူးလား"> "ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား.> ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်...> ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........> တောက်...သေမယ့်သာမှတ်...> ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော> အကောင်ကိုကော..သတ်ပစ်စမ်းကွာ.."> အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....> "ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..> ၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်း> အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..> ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"> "ဟို... ဟိုလေ......."> "ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"> "မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."> ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။> "ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."> "အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့> ပြီးရင်ပြော.."> အနည်းငယ်ကြာပြီးနောက်.....> "ပြီးပြီ...ဆက်ပြော..."> "ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"> "ရှင်...ဘာကြီး.........."> "ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"> "ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"> "ဘာ...ဟုတ်လို့လား"> "ဟုတ်....ဟုတ်..."> "ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."> "5xxxx5 လေ...."
> "ဗျာ......အဟင်း..ဘယ်လိုပြောရမလဲ.....sorry ပေါ့နော်..အဟင်း> ဟို..ဟိုလေ...> phone မှားသွားလို့..သိလား...ဒါပဲနော်"

Subscribe to:
Posts (Atom)