Thursday, August 13, 2009

မိုက်ပ

အအေးလွန်ပီးသေတဲ့လူတစ်ယောက်နဲ့ ကိုယ့်ကိုကိုယ်သတ်သေတဲ့လူ ငရဲသားနှစ်ယောက်ငရဲပြည်သို့အတူတူရောက်လာကြပြီးရောက်သည့်နေ့မှာပဲတွေ့ဆုံကြရာမိတ်ဆွေဖွဲ့သည့်အနေဖြင့်စကားလက်ဆုံကျကြလေ၏
(ပထမတယောက်)----ခင်ဗျားဘာဖြစ်လို့ငရဲပြည်ကိုရောက်လာတာလဲ?
(ဒုတိယတယောက်)---ဒီလိုဗျ လူပြည်မှာတုန်းက ကျုပ်မိန်းမကိုကျုပ်အရမ်းချစ်ပါတယ် မင်္ဂလာဆောင်ပီးကတည်းကကျုပ်တို့လင်မယား မိဘတွေဆီကလက်ဖွဲ့တဲ့တိုက်ကလေးတလုံးမှာပျော်မဆုံးအောင်သစ္စာရှိရှိနေလာခဲ့ကြတာ နည်းနည်းကြာလာတော့ ပတ်ဝန်းကျင်ကလူတွေမနာလို ဖြစ်ပီး ကျုပ်အလုပ်သွားနေတဲ့အချိန် မိန်းမကနောက်တယောက်နဲ့ဖေါက်ပြန်နေတယ်ဆိုပီး ဖုန်းဆက်တိုင်ကြတယ် ကျုပ်ကဘယ်ယုံလိမ့်မလဲ အိမ်ပြန်ရောက်တဲ့အချိန်တွေ တော့အကဲခက်ကြည့်ပါတယ် အမူအရာမပျက်တဲ့အပြင် ကျုပ်အပေါ်ပိုတောင်ကြင်နာနေတာတွေ့ရတယ် လေ
ဒါနဲ့ တရက်တော့ နေ့လည်ဘက်ကျုပ်အလုပ်ကိုဖုန်းလာတာက အဲလိုပဲမိန်းမဖေါက်ပြန်နေတယ်ပေါ့ ခုအိမ်ကိုလာကြည့်ရင်တွေ့လိမ့်မယ် ဆိုတော့ကျုပ်ချက်ချင်းပဲအိမ်ကိုလာ ပီး မိန်းမကိုလာချောင်းတာပေါ့ အိမ်ခန်းတွေအကုန်မွှေနှောက်အောင်ရှာ တော့မိန်းမကကုတင်ပေါ်အိပ်မောကျနေတာကလွဲလို့ဘာမှအထောက်အထားမတွေ့ရဘူးဒါနဲ့ကျုပ်အပေါ်အရမ်းသစ္စာရှိပါသောမိန်းမကိုအထင်လွဲမိတာကြောင်.ကိုယ့်ကိုကိုယ်သတ်သေခဲ့လို့ပါဗျာ..ခင်ဗျားကော
(ပထမတစ်ယောက်)--သြော် ခင်ဗျားအိပ်ခန်းထဲကရေခဲသေတ္တာကိုအချိန်မီလေးဖွင့်ရှာခဲ့ဖို့ကောင်းပါတယ်ဗျာ ခုတော့......


လွမ်းရခက်ကြီး

ဘဘ

ညည

ကက ကိုစီး

မမ

လှလှ

ဘ၀ခရီး ခိုမှီး

FEC မျှော်

သက်ကြီးပူဇော်သတဲ့

မသူတော်ဇာတ်ဝင်ခန်း

လွမ်းရခက်ကြီး။

( ဓမ္မ၀ီရဂျာနယ် )





သူ့နေရာနဲ့သူ

ငါတို့အိမ်ရှေ့ဓါတ်မီးတိုင်
ဖိုးရွှေလနှင့်ပြိုင်


သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ
ဖိုးလသာသည်ပဲ

သို့ပေမဲ့လည်းမိုးညမှာ
ဓါတ်မီးတိုင်ကသာ

သူ့နေရာနဲ့ သူလေးပဲ
စွမ်းတာချည်းပဲကွဲ့။



ဒီကဗျာလေးက ငယ်ငယ်လေးကတည်းကငွေတာရီမဂ္ဂဇင်းထဲမှာ (ကဗျာဆရာနဲ့သူ့လက်ရေး ခေါင်းစဉ်နဲ့)ဖတ်ခဲ့ဖူးတာပါ သဘောကျလို့မှတ်ထားတာလေ

လွဲနိုင်ပေ့လူ

သူမေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကိုဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီးသူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူကမေးပါတယ်။
သူနာပြုဆရာမလေးက ပြုံးပြီး …“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”
“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”
“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”
“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲကလွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက်ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီးမျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ့မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းကပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို့ပါတဲ့လေ။
“ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”
“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”
လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်းသူ’မကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ခဏခဏ မှားပြီး အပြစ်ပေးတာကို ခံခဲ့ရတယ်။တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာကစာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။
“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကိုဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”
“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”
“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”
မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ့ မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။
“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”
“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကိုတကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲအမြဲတမ်းသွားနေတော့တာပေါ့။”
လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …
“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”
ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်ကဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။
“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူးဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”
ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာတမဟုတ်ချင်း ငြှိုးကျသွားပါတယ်။
“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”
“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”
သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …
“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”

sorry နော်! ဖုန်းမှားသွားလို့

ဖုံးသံမြည်လာတယ်> "ဟယ်လို...မိန်းမလား"> "ရှင်.........."> "မိန်းမလား.........လို့....."> "မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ"> "သြော်...အေးအေး...မင်းမမလေးကော....ရှိလား"> "ဟုတ်..."> "ခေါ်ပေးကွာအရေးကြီးလို့"> "..ရှင်...မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"> "ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."> "အင်းလေ..ဟုတ်ဘူးလား"> "ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား.> ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်...> ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့.........> တောက်...သေမယ့်သာမှတ်...> ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော> အကောင်ကိုကော..သတ်ပစ်စမ်းကွာ.."> အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....> "ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"

"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..> ၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်း> အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..> ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"> "ဟို... ဟိုလေ......."> "ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"> "မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."> ခဏအကြာ....ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။> "ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."> "အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့> ပြီးရင်ပြော.."> အနည်းငယ်ကြာပြီးနောက်.....> "ပြီးပြီ...ဆက်ပြော..."> "ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"> "ရှင်...ဘာကြီး.........."> "ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ"> "ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"> "ဘာ...ဟုတ်လို့လား"> "ဟုတ်....ဟုတ်..."> "ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."> "5xxxx5 လေ...."
> "ဗျာ......အဟင်း..ဘယ်လိုပြောရမလဲ.....sorry ပေါ့နော်..အဟင်း> ဟို..ဟိုလေ...> phone မှားသွားလို့..သိလား...ဒါပဲနော်"