Wednesday, September 16, 2009

ပါးဖေါင်းဖေါင်း

သာဂိတစ်ယောက်ရန်ကုန်သို့အလည်သွားပီးအထက်အညာသို့ပြန်ရန် သူငယ်ချင်း ကျော်အေးနဲ့နှစ်ယောက်သားရထားစီးပီးဟိုကြည့် ဒီကြည့်နဲပေါ့..)း
သိပ်မကြာပါဘူး..ရန်ကုန်ကနေ ပဲခူးဘူတာအလွန်လေးလောက်ကျတော့မနေ့ညကဘီယာတွေနင်းကန်
သောက်၊အညာသားပီပီ မြေပဲပြုတ်တွေ ၊၀က်သားတုတ်ထိုးတွေ အီဆိမ့်နေအောင်စားသောက်ထားတာ
တွေကခုလိုရထားလေးဒယိမ်းဒယိုင်ကလှုပ်၊ရေခဲရေတွေဇွတ်သောက်နေတာတွေကြောင့်ပြသနာက
ဒုန်စိုင်းပီးကျရောက်လာလေပီ..

သာဂိးးး ဟေးကောင်သူငယ်ချင်း၊ငါမရတော့ဘူး ..(း
ကျော်အေးးးးဘာတုံးဟဘာမရတာလဲ ?

သာဂိးးးဗိုက်..အိအိ..အ..ကျွတ်..ကျွတ်..ငါ့ဗိုက်ပြသနာတက်နေပီဟ..လုပ်ပါအုံး.အုအု.အု
ကျော်အေးးးး ဟာဗိုက်နာတာများကွာ..ရထားပေါ်အိမ်သာပါတာပဲသွားပေါ့..တကယ့်ကောင်ပဲ

သာဂိးးး ဟာ..အိမ်သာထိလျှောက်နိုင်ရင်..ငါပြောပါမလားကွ..အို..ကျွတ်ကျွတ်..အအအ
ကျော်အေးးးး ဟေးဟေး သူငယ်ချင်း နေအုံး..ဒီလိုလုပ်

ဆိုပီးဘေးနားကရထားပြူတင်းမှာလျှောထိုင်သလိုထိုင်ခိုင်းပီးဖြေရှင်းခိုင်းလိုက်တယ်လေ
သာဂိတယောက်တော့နေသာထိုင်သာရှိသွားလေပီ..ဒါပေမဲ့..
သူတို့ရထားတွဲရဲ့နောက်အတွဲမှာတော့ အသက်၂၀ အရွယ်ကောင်မလေးအချောလေးတစ်ယောက်က
ရထားပြူတင်းပေါက်မှာမှီပီးလေတိုးတာလေးအရသာခံကာ အိပ်ငိုက်လို့ ..

ဖျတ်ခနဲလန့်နိုးလိုက်တော့ သာဂိရဲ့ဒေါသအိုးတွေက ကောင်မလေးမျက်နှာတစိတ်တဒေသကို
နှုတ်ဆက်ပီးသား..
ကောင်မလေးကပါးနပ်တယ်လေ..ခေတ်လုံမပျိုလေးဆိုတော့..ဘယ်ရမလဲ..ချက်ချင်းသဘောပေါက်
သွားပီး..ဒေါသကဟောင်းခနဲပဲ....ပညာပေးရမဲ့အချိန်ရောက်ပီလေ..

ကောင်မလေးးးး ဒီမှာရထားတွဲစောင့်ရှင့်..ဒီမှာတွေ့လာ..ဟိုဘက်ရထားတွဲကတစ်ယောက်
ရထားမူးပီး အံချလိုက်တာ ကျွန်တော့မျက်နှာ မှာပယ်သွားပီ အဲဒါ...
ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား...ဒီကိစ္စ ရှင်ရှင်းပေးမှာလား ကျွန်တော်
ကိုယ်တိုင်သွားရှင်းရမလားပြောပါ...

ရထားတွဲစောင့်းးး စိတ်လျှော့ပါညီမရယ် ဦးရှင်းပေးပါ့မယ် ငါညီမ ဆန္ဒအတိုင်းဖြစ်စေရပါမယ်
ကဲ ငါ့ညီမဆီကို အဲဒီတယောက်ကိုခေါ်ပေးမယ် ဘယ်သူလဲဆိုတာတော့မှတ်မိတယ်မလား
ဦးကိုလိုက်ပြပေး..
ကောင်မလေးနည်းနည်းတွေဝေသွားပီးခေါင်းလေးကုတ်ပီးအနည်းငယ်စဉ်းစားပီးမှ.......

ကောင်မလေးးးးး ဒီလိုရှင့် ကျွန်တော်လည်း ဗြုန်းစားကြီးဆိုတော့ နေပါအုံး.....
မျက်လုံးတွေ၊နှာခေါင်းတွေ၊ပါးစပ်တွေတော့ မမှတ်မိလိုက်ဖူး
ပါးဖေါင်းဖေါင်းကြီးတော့တွေ့လိုက်ရတယ်
ပါးကတော့အတော့်ကိုဖေါင်းပါတယ်ရှင့်......ကိန့်..အန်...

ဘယ်သူ့ကိုမှမရည်ရွယ်ပါ..တိုက်ဆိုင်မှုရှိရင်နားလည်ပေးကြပါလို့..
( ရယ်မောခြင်းသည် အသက်ရှည်၏ )