Thursday, January 14, 2010

ငါ့ဗိုက်ထဲနှစ်ခါဝင်

ကျနော်တို့မြို့…. ဟဲဟဲ
ခဏလေး…..
ကျနော်တို့ မြို့ဆိုလို့ ကြိုပြောစရာ ရှိလို့ပါ။ ကျနော်ကနေရာအနှံလှည့်ပတ်သွားနေတော့ ကျနော့်အတွက် တွေ့သမျှဟာ လူစိမ်း နေရာစိမ်းတွေ များနေပါတယ်။ ဒီလိုနဲ့ ငါ့ညီက ဘယ်လူမျိုးလဲ၊ ဘယ်မြို့ကလဲ၊ Introduce လုပ်ကြတော့ ကျနော်က ရခိုင်လူမျိုးပါ။ ပေါက်တော ဇာတိဖြစ်ပါတယ်.. လို့ ဖြေတော့… ပြုံးကြ။ ရယ်ကြ နဲ့ပေါ့လေ။ အစကတော့ အထာမနှပ်သေး။ ဘာကြောင့်တုန်းပေါ့..။

တချို့ဆို လှောင်သလိုပြောင်သလိုနဲ့ Highway လမ်းဘေးနေတာလား ပေါ့။ နောက်တော့မှ ကားဆရာတွေ ပါးစပ်ကထွက်တဲ့… ပေါက်တော ကိုဆိုလိုနေကြတာကိုး… (ကိန်) :D…. ဘာရယ်တာလဲ..? အဲလိုတွေးကြမှာစိုးလို့ ကြိုပြောရတာ.. ကျနော်တို့ မြို့ဟာ ရေပတ်လည် ၀ိုင်းရံထားတဲ့ ကျွန်းမြို့လေးပါ။ ဘာ Highway လမ်းမှ မရှိဘူး။ မြို့ကို စတည်တုန်းက ပေါက်ပင်တွေ ထူထပ်စွာ ပေါက်ရောက်နေတဲ့ နေရာမို့လို့ ပေါက်ပင်တော (ပေါက်တော) လို့ တွင်ခဲ့တာပါနော်….. တော်ကြာ ဟိုလိုထင်မှာစိုးလို့ …. အမလေး…. မောတောင်မောတယ်… ဟောဟဲ… ဟောဟဲ…
ကဲ .. စကြစို့
(အလဲ… ဥူးသုမင်္ဂလ လေသံကြီးနဲ့ပါလား)
ဧ၀ံမေသုတံ… ကျနော်တို့ မြို့နယ်ထဲက ကြိုင်းရှီ ဆိုတဲ့ရွာမှာ ရာဇ၀င်တွင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ယောက်ရှိခဲ့တယ်။ သူဟာထူးခြားတဲ့ လူတစ်ယောက်ဖြစ်တယ်။ လူ(၂၀)ယောက်စာနှင့်ညီသော အားခွန်ဗလရှိတယ်။ (၂၀)ယောက်စာလောက် လုပ်ရမယ့် အလုပ်ကိုလည်း သူတစ်ယောက်တည်း လုပ်နိုင်သလို အစားဆိုလည်း (၂၀)ယောက်လောက် စားနိုင်တယ်။ ဒါကြောင့် သူ့ကို အစားကြူး လို့ သမုတ်ကြတယ်တဲ့လေ…
တနေ့.. ရွာဈေးရောင်းတဲ့ ချောင်းကမ်းဆိပ်က ဇရပ်ပေါ်မှာ ဗိုက်ဆာဆာနဲ့ တိုင်ကိုမှီထိုင်နေစဉ်… တခြားရွာက ပိန္နဲသီးမှည့်လာရောင်းတဲ့ ဈေးသည် လှေတစ်စီး ဆိုက်ကပ်လာရာ…
အစားကြူးး “ဟာ ကောင်းလိုက်မယ့် ပိန္နဲသီးတွေ.. တလှေလုံးသာ စားလိုက်ချင်တယ်” (လွတ်ကနဲ အော်မိလေ၏)
ဈေးသည်း (စိတ်တိုတိုနဲ့)“ ဘာဗျာ.. ခင်ဗျားက ကြွားလိုက်တာ တလှေလုံးတကယ်ကုန်မှာလား?”
အစားကြူးး “ ကုန်မယ်ထင်တယ်… ကျွေးမလား ?”
ဈေးသည်း “မကုန်ရင် အလျော်ပေးမလား ?”
အစားကြူးး “ ဟုတ်ကဲ့”
ဈေးသည်း “ဒါဆို စားဗျာ.. မကုန်ရင်တော့ ပိန္နဲသီး (၃၅)လုံး ပါတယ်။ တစ်လုံးကို ( _ ) ပြားနှုန်းနဲ့ ( _ )ကျပ် ပေးလျော်ရမယ်။ ကုန်ရင်တော့ အကုန်စားသွား”
လို့ ဗျတ်တောက်ဗျတ်တောက် မြည်နေတုန်းပဲ.. အစားကြူးက ဗိုက်ဆာနေတာနဲ့ အကိုက် ဘာမှ မပြောတော့ဘဲ.. လှေဦးကနေ နေရာယူထိုင်ကာ တစ်လုံးပြီးတစ်လုံး အခွံဆုတ်ကာ နှစ်ခြမ်းခွဲ.. တစ်ခြမ်းရဲ့ အမွှာတွေကိုတော့ သူ့လက်ချောင်းကြီးများနဲ့ Backfoe ကုတ်သလိုမျိုး တစ်ခါကုတ်လိုက် သူ့ပါးစပ်ကြီးထဲ ထည့်လိုက်နဲ့ ပိန္နဲသီးတစ်လုံးက သူ့အတွက် နှစ်လုတ်စာစီ ဖြစ်နေတာပေါ့… ဒီရေ က စီးနေတာကြောင့် ပစ်ချလိုက်တဲ့ ပိန္နဲခွံတွေကလည်း ချောင်းရေထဲမှာ တလံကွာ တစ်ခွံနှုန်းနဲ့ မျောလို့….
ဗိုက်က ဆာနေတာကြောင့် တစ်ကြောင်း မ၀မှာစိုးလို့ တဖုံ .. ပိန္နဲစေ့တွေပါ.. ၀မ်းခေါင်းထဲ မျိုချလေ၏.. ဒီလိုနဲ့ လှေထဲမှာ ပိန္နဲသီး တ၀က်လောက် ကုန်လာလေပီ ကမ်းပေါ်မှာတော့ လှေသမားဈေးသည်က ဖြင့် ပန်းပုဆိုင်က မိုက်သော ရွဲကုန်သည် ရုပ်ထုကြီး လာချထားသည့်နှယ်…. မျက်လုံး ပြူးပြူးကြီးက အတိုင်းသား… ငါ့တော့ ရွာပြန်ရင် မိန်းမကို ဘယ်လိုရှင်းရပါ့.. ဒီပုံအတိုင်းဆို လှေဗလာကြီးနဲ့ အိမ်ပြန်ရမဲ့ ကိန်းဆိုက်တော့မယ်.. ဆိုပြီး..
ဈေးသည်း ဟိုး ဟိုး ငါ့ဆရာ..ခဏ….ခဏလေး…..
အစားကြူးး ဟာ စားပြီးမှ ပြောစမ်းပါဗျာ.. အာရုံနောက်လို့…
ဈေးသည်း မဟုတ်ဘူး ကိုယ့်လူ တောင်းပန်နေတာပါ.. ကျုပ်မိန်းမနဲ့ ကွဲရလိမ့်မယ်.. ဒါလေးတွေတော့ ရောင်းပါရစေတော့နော့်… ငါ့ဆရာနော်… ခွင့်လွတ်ပါနော်…
အစားကြူးး ဟာခင်ဗျားက နောက်တီးနောက်တောက် လူပဲ ကျုပ်ကတော့ တိုးလိုးတန်းလန်းဖြစ်ပြီ.. ကျွေးရင်လည်း ၀အောင်ကျွေးတာမဟုတ်… လူရှုပ် 
အစားကြူးမှာ တဖက်လူရဲ့ တောင်းပန်မှုကြောင့် အားနာနာနဲ့ မ၀ပေမယ့် အိမ်ပြန်ခဲ့ရတယ် တော်တော့ တော်သေးတာပေါ့လေ.. ဗိုက်နည်းနည်း ပြည့်သွားတယ်…ဟီ ဟိ..၀ယ်သာစားရရင် မလွယ်လောက်ဖူး..ရှလွှတ်..း)
ညနေစောင်းတော့ ရေမိုးချိုး.. ထမင်းစားပြီး စောစောအိပ်ယာဝင်ခဲ့တယ်။ အိပ်ယာသာဝင်တယ် ည (၁၁)နာရီလောက်ကျ ပိန္နဲသီးတန်ခိုးပြတော့… ဗိုက်နာလာတာနဲ့ ရွာပြင်က တောတန်းနားသုတ်သုတ်သွားပြီး ကိစ္စသွားရှင်းရတယ်… အရင်တုန်းက ရွာငယ်တွေရဲ့ ဘုံအိမ်သာဟာ ရွာပြင်နားက တောတန်းလေးတွေပေါ့… ဟဲဟဲ.. ငယ်ငယ်တုန်းက အဖေတို့ရွာ သွားနေတုန်း Duty ကျသေးတယ်…

မြောက်လေ ဆော့မြူး…. နေ၀င်လူးချိန်
ရီးရီးကခေါ်… တောာထိုင်လိုက်ခဲ့အုံး
တုတ်ချောင်းကိုယ်စီ… ခါးမှာထိုးပါလို့
ရွာပြင်ကို ဦးတည်လှမ်းကာပ
အဖေါ်လိုက်ကာ တာဝန်ထမ်းရတယ်
နေ့တိုင်းသာ…လှမ်း….

(ခက်ဆစ်= ရီးရီး အဖေ၏ ညီမ / အဒေါ်) (တောထိုင်= အိမ်သာတက်သည်)
ထွေလာက ပါသေးတယ်.. တော်ပြီ….
အဲ…. ဘယ်နားရောက်သွားပါလိမ့်…?
သြော်.. အစားကြူးက တောထိုင်သွားပြီး အိမ်ပြန်အိပ်။ မအီမသာလေးနဲ့ အိပ်လိုက်တာ မနက်(၁၀)နာရီလောက်မှာမှ… အိပ်ယာထ၊ သွားတိုက် ၊ မျက်နှာသစ်၊ မိန်းမကူ ၊ ရေးချိုး၊ မောင်တို့မယ်တို့ ကျောင်းခန်းဝင်… ဟာ.. sorry .. ညတုန်းက ၀မ်းသွားထားတာက မနည်းဘူး ဗိုက်က ဆာပီလေ
အစားကြူးး မိန်းမရေ ဆာတယ်ဟ စားရအောင်..
မိန်းမး သိတာပေါ့ရှင် ဟောဒီမှာ အဆင်သင့် ready ပါပဲ
အစားကြူးက ထုံးစံအတိုင်း ဆာနေရင် စကားပြောချိန်မရ.. ခေါင်းမမော့စတမ်း မိန်မိန်စားလေ့ရှိ၏။။ ပြီးလည်းပြီးရော..
အစားကြူးး မိန်းမရေ.. ကောင်းလိုက်တာကွာ..
မိန်းမး ရှင်ကလည်း ကောင်းအောင်ကျွေးတော့ ကောင်းမှာပေါ့ရှင်…
အစားကြူးး ဒါနဲ့ နေစမ်းပါအုံး ဒီနေ့ ထူးထူးဆန်းဆန်း စားရတယ်.. ဘာဟင်းတုန်းဟ..
မိန်းမး( ပြုံးရွှင်သော မျက်နှာထားနဲ့)“ အယ် ဒီနေ့ ရှင့်မိန်းမ အရမ်းကံကောင်းတယ် သိလား အာရုံတက်လေး ဟင်းသွားရှာတာ ဘယ်သူက မေ့ပြီး ထားခဲ့တာလည်း မသိဘူး ရွာပြင် ကန်သင်းဘေးမှာ ပိန္နဲစေ့တွေ အပုံလိုက်တွေ့တယ်… အဝေးက မြင်ရတာတောင် ဖွေးတောက်နေတာပဲ… သိလား.. ဟောဒီမှာ ရှင်ဖြီးနေကျ ခေါင်းဘီးကလည်း အဲဒီနားမှာ ဘယ်လိုရောက်နေမှန်းမသိဘူး.. ဘယ်ရမလဲ .. ကိုယ်နဲ့ထိုက်တန် ကိုယ်မင်္ဂလံ ပဲ..ဟဲဟဲ မက္ကလာ (ခမောက်ကျယ်) ထဲ ကောက်ထည့်လာခဲ့တာ အဲဒါကိုထုပြီး ပုဇွန်ဆိတ်လေးနဲ့ စပ်စပ်လေး ချက်ထားတာတော့… ကောင်းမှကောင်း.. ဟင်းဟင်း….း) ”
အစားကြူးကတော့ မျက်ခုံးနှစ်ခူကို နည်းနည်း ကပ်လိုက်ပြီး နှာရောင်ကို နည်းနည်း တွန့်လိုက်သည်… ရေနွေးကြမ်းခွက်လေး လှမ်းပင့်ကာ… ပုတ်သင်ညိုစတိုင်နဲ့ တေမိမင်း ဇာတ်ဝင်ခန်းလေးအတိုင်း.. မနောထဲမှာတော့ အော်….နေ့လည်က စားထားတဲ့ ပိန္နဲသီး အစေ့ပါမျိုချ.. ညကျတော့ ဗိုက်မကောင်းတာနဲ့ အိမ်သာသွားရန် ရွာပြင်ထွက် .. တောတန်းနားက ကန်သင်းမှာ ငုတ်တုပ်ထိုင်.. အမြီးထောင်ကာစ ခုနှစ်စဉ်ကြယ် မှုန်ဝါးဝါးလေးကို စူးစူး စိုက်စိုက်မော့ကြည့်ရင်း Rapper သီးချင်းလေးညည်း… ပိန္နဲစေ့တွေ အတိုင်းသားကြီးမွေးဖွား ကိစ္စပြီးမှ သတိရ.. ဒုတ်ချောင်းကပါမလာ.. အိပ်ကပ်ထဲ စမ်းကြည့်.. ဘီးကိုတွေ့ မတတ်နိုင်ဘူး သွားတော့….. ရွှတ်….. အိ….သန်းခေါင်ကျော်တော့ မိုးက ရွာ.. စောစောစီးစီး မိန်းမ က ထင်းရှာ ဟင်းခူး ရွာပြင်ထွက်… အင်း ဟုတ်ပါပြီ… ဘာတတ်နိုင်တော့မလဲ.. အဆွေတော် ပိန္နဲစေ့ရယ်.. ငါ့ဗိုက်ထဲ နှစ်ခါတောင် ၀င်ဖြစ်တယ်ပေါ့နော် ရှိစေတော့ ရှိစေတော့…. Thank you Mr. Jack Fruit Seeds…း) ..း) ..း)

(ရှုး…တိုးတိုး..ဘယ်သူကိုမှ မပြောပြနဲ့နော်… သားသားက ပိန္နဲစေ့ ကြိုက်ကြိုက်…. )

2 comments:

Khinmarlaraung said...

:D.....ရယ်ရတယ်။ရယ်ရတယ်။ :D...
အစ်ကို့ Blog မှာဒီလိုPost မျိုးလေးဖတ်ရတာ
ပထထမဆုံးအကြိမ်လို့ ထင်တယ်။။။ကောင်းတယ်။
ဟာသဥာဏ်ရွှင်တယ်နော်။ အားပေးနေတယ်။
အသစ်တွေရေးပါ။
...ခင်မင်လျှက်.....ခင်မာလာအောင်..:)

မြတ်နိုင် said...

ကြိုင်းရီက ငစကြူးအကြောင်းကို ဇာတ်အိမ်ဖွဲ့ရွီးထားစွာကို တဗျင်းဟားပနာ ပေါက်တောသားတစ်ယောက်အနိန်နဲ့ အားပီးခပါယင့်
မြတ်နိုင်